Aye Hospital
အေးဆေးရုံ · ထားဝယ်

လူနာတိုင်းအတွက် နွေးထွေးပျူငှာစွာ ကြိုဆိုမည့် (၂၄) နာရီ ဝန်ဆောင်မှုများ။

ထားဝယ်မြို့ အခြေစိုက် အေးဆေးရုံတွင် အရေးပေါ်ကုသမှု၊ အတွင်းလူနာကုသမှု ၊ အထူးကုဆရာဝန်ပြသမှု ၊ ရောဂါရှာဖွေရေး၊ ခွဲစိပ်ခန်းဝန်ဆောင်မှု ၊ ကာကွယ်ဆေးထိုးနှံခြင်း နှင့် Online ဆရာဝန်ပြသမှု တို့ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ 

လူနာများအတွက်လုံခြုံနွေးထွေးပျူငှာသောဆက်ဆံရေးအရေးပေါ်လူနာကုသမှု၊  ပြင်ပလူနာကုသမှု၊ အတွင်းလူနာကုသမှု၊ ရောဂါရှာဖွေရေး နှင့် ဆေးဝါးအစုံအလင်ဝယ်ယူနိုင်ခြင်းအားလုံး တစ်နေရာတည်းတွင် ရရှိနိုင်ပါသည်။ 
အရေးပေါ်
၂၄/၇
အဓိက ဝန်ဆောင်မှု
၁၀+
မေတ္တာ စေတနာဖြင့် ပြုစုစောင့်ရှောက်မှု
ထားဝယ်မြို့ရှိ အေးဆေးရုံ အဆောက်အအုံ၏ အပြင်ဘက်မြင်ကွင်း

အေးဆေးရုံသို့ လာရောက်ရန်

အမှတ်(ဆ/၈၈)၊ မြို့သစ်(၄)လမ်း၊ ထားဝယ်မြို့၊ တနင်္သာရီတိုင်း

ဆေးရုံအကြောင်း

သန့်ရှင်းသန့်ပြန့်သော နေရာထိုင်ခင်း၊ နွေးထွေးပျူငှာဂရုစိုက်သော ဝန်ထမ်းများ နှင့် ယုံကြည်စိတ်ချရသော နေ့စဉ်ဆေးကုသမှုများ။

အေးဆေးရုံသည် ရောဂါရှာဖွေရေး၊ အရေးပေါ်ဆက်သွယ်ဆောင်ရွက်မှုနှင့် ထိရောက်သောဆေးကုသမှုအတွက် နေရာထိုင်ခင်းများကို ဆေးရုံ၏ အပြာရောင်အမှတ်တံဆိပ်ဖြင့် သန့်ရှင်းလုံခြုံသော ပတ်ဝန်းကျင်ကို တည်ဆောက်ထားပါသည်။

  • ဝန်ဆောင်မှု ကောင်တာများအဖြစ် ဧည့်ကြို ကောင်တာ၊ ငွေပေးချေမှုကောင်တာ၊ ဆေးဝါးရောင်းချမှုကောင်တာ ၊ ဓာတ်ခွဲခန်းနှင့် ဓာတ်မှန်ရိုက်ခြင်း ဝန်ဆောင်မှုများ ပါဝင်ပါသည်။ 
  • ဆေးဝါးကုသမှုခံယူနေစဉ်အတွင်း ကာလတိုနေထိုင်မှုနှင့် အတွင်းလူနာကုသမှုအတွက် သက်တောင့်သက်သာရှိသော Aircon ပါ လူနာအခန်းများ စီစဉ်ထားရှိပါသည်။ 
  • နောက်ဆက်တွဲကုသမှုများအတွက် အထူးကုပြသမှုများနှင့် အွန်လိုင်းဆရာဝန်ပြသမှုများ စသည့်ဖြင့် လူနာစိတ်ကြိုက်ရွေးချယ်ပြသနိုင်ရန် စီစဉ်ပေးထားပါသည်။ 
Aye Hospital available services list
Aye Hospital emergency care team
Aye Hospital emergency transfer
Aye Hospital emergency unit
Aye Hospital emergency unit examination
Aye Hospital emergency unit critical care
Aye Hospital blood sample collection unit
Aye Hospital digital X-ray unit
Aye Hospital ultrasound unit
Aye Hospital laboratory unit
Aye Hospital digital X-ray examination
Aye Hospital operation theatre
Aye Hospital OPD unit
Aye Hospital pharmacy unit shelves
Aye Hospital pharmacy unit overview
Aye Hospital reception unit
Aye Hospital cashier unit
Aye Hospital pharmacy unit team
အဝင်ဝတွင် လူနာများကို ကြိုဆိုနေသော အေးဆေးရုံ ဆေးကုသရေးအဖွဲ့

နွေးထွေးပျူငှာသော ဧည့်ခံကြိုဆိုရေး နှင့် ကုသရေး အဖွဲ့

မိသားစုဝင်၊ ဆွေမျိုးအရင်းချာများဂရုစိုက်စောင့်ရှောက်သကဲ့သို့ နွေးထွေးပျူငှာစွာ ဂရုစိုက်ပေးမည့် လုံခြုံစိတ်ချရသော ဧည့်ခံကြိုဆိုရေးနှင့် ကုသရေးအဖွဲ့ ။

ဓာတ်မှန်ခန်း၊ လူနာအခန်း၊ ခွဲစိတ်ခန်းနှင့် အာထရာဆောင်းကိရိယာများပါဝင်သော အေးဆေးရုံ အဆောက်အအုံများ

ရောဂါရှာဖွေရေးနှင့် ကုသရေးနေရာများ

ထိရောက်မှန်ကန်သော စစ်ဆေးမှုများ၊  ဓာတ်မှန်ရိုက်ခြင်းနှင့် ဆေးကုသမှုခံယူနိုင်မည့် သန့်ရှင်းလုံခြုံသည့် နေရာထိုင်ခင်းများ။ 

ဝန်ဆောင်မှုများ

အေးဆေးရုံတွင်ရရှိနိုင်သော လူနာများအတွက်အကောင်းဆုံး နှင့် သက်သောင့်သက်သာအရှိဆုံး ကျန်းမာရေးဝန်ဆောင်မှုများ။

အေးဆေးရုံသည် အရေးပေါ်၊ အတွင်းလူနာ၊ ပြင်ပလူနာ၊ ရောဂါရှာဖွေရေး၊ ကာကွယ်ကုသမှုနှင့် အဝေးမှ ပြသမှု ဝန်ဆောင်မှုများကို ပေးဆောင်ပါသည်။

(၂၄) နာရီ အရေးပေါ်ကုသမှု

အရေးပေါ်လူနာများလက်ခံရန် (၂၄) နာရီ အချိန်ပြည့် အဆင်သင့် ချက်ချင်း ကုသမှုပေးနိုင်သော ကုသရေးအဖွဲ့ ပြင်ဆင်ထားရှိပါသည်။ 

အတွင်းလူနာကုသမှု

အတွင်းလူနာအဖြစ်ကုသမှုခံယူခြင်း၊ လူနာပြန်လည်နလံထလာအောင် ကောင်းမွန်စွာအနားယူခြင်း နှင့် လူနာစောင့်ကြည့်ခြင်းများအတွက် သက်သောင့်သက်သာရှိသော နားနေအခန်းများ နှင့် တိကျမှန်ကန်၍ လုံခြုံစိတ်ချရသော ကုသမှုများ ၊ ရောဂါရှာဖွေခြင်းများ ရရှိနိုင်ပါသည်။ 

အထူးကုဆရာဝန်ကြီးများထံကုသမှုခံယူခြင်းနှင့် ပြင်ပလူနာအဖြစ် ကုသမှုခံယူခြင်းများ

နောက်ဆက်တွဲကုသမှုများအတွက် ရောဂါအလိုက် သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများဖြင့် ကုသမှုခံယူခြင်း နှင့် ပြင်ပလူနာများအတွက် အတွေ့အကြုံရှိ ဆရာဝန်များ ထံကုသမှုခံယူခြင်းများ ဆောင်ရွက်နိုင်ပါသည်။ 

ခွဲစိတ်ခန်း နှင့် သားဖွားခန်း

ဘေးကင်းလုံခြုံသန့်ရှင်းသော ခွဲစိပ်ခန်းများနှင့် မိခင်များနှင့်ကလေးများ စောင့်ရှောက်မှုအတွက် သားဖွားခန်းများ စီစဉ်ထားရှိပါသည်။

အာထရာဆောင်း နှင့် ရောဂါရှာဖွေရေး

မှန်ကန်တိကျသော ဆေးကုသမှုများအတွက် အာထရာဆောင်းနှင့် ဒစ်ဂျစ်တယ်ဓါတ်မှန်ဝန်ဆောင်မှုများ တစ်နေရာတည်းတွင် ရရှိနိုင်ပါသည်။ 

ဓါတ်ခွဲခန်း နှင့် ရောဂါရှာဖွေရေး

တိကျသော ရောဂါရှာဖွေရေးဆောင်ရွက်ရန် ဇီဝအချက်အလက်စစ်ဆေးမှုများအတွက် ဓါတ်ခွဲခန်းဝန်ဆောင်မှုများ အဆင်သင့်ရှိပါသည်။ 

အွန်လိုင်း Video ဖြင့် ဆရာဝန်ပြသမှု

နယ်ဝေးမှ အထူးကုဆရာဝန်ကြီးများဖြင့် သီးခြားပြသလိုပါက  Online Video call ဖြင့် ပြသနိုင်ရန် ဝန်ဆောင်မှုပေးထားပါသည်။ 

ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ

မိသားစုတိုင်း အတွက် ကျန်းမာရေးလုံခြုံမှုရှိစေရန် ရာသီအလိုက် ကာကွယ်ဆေးထိုးနှံခြင်း နှင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။ 

အေးဆေးရုံ၏ အရေးပေါ်ကုသမှု အထောက်အပံ့
အရေးပေါ်ဌာန

အရေးပေါ်ကုသမှုများအတွက် တိကျလျင်မြန်ပြီး ယုံကြည်စိတ်ချရသော ချက်ချင်းဆောင်ရွက်ပေးနိုင်သည့် ကုသရေးအဖွဲ့များ အဆင်သင့်ထားရှိပါသည်။

အဓိက ဖုန်းလိုင်း

09 400 029 811

ဒုတိယ ဖုန်းလိုင်း

09 406 304 060

ဆက်သွယ်ရန်

Booking ယူရန်၊ စုံစမ်းမေးမြန်းရန် သို့မဟုတ် လာရောက်လည်ပတ်ရန် အတွက် ဆက်သွယ်ပါ။

အချက်အလက်နှင့် ဝန်ဆောင်မှုများအတွက် ဖုန်း၊ အီးမေးလ်၊ Facebook သို့မဟုတ် အောက်ပါ လိပ်စာဖြင့် ဆေးရုံကို တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဖုန်းခေါ်ရန်

09 400 029 811
09 406 304 060

အီးမေးလ်

ayehospitaldawei@gmail.com

Facebook

Aye Hospital Dawei

လိပ်စာ

အမှတ်(ဆ/88)၊ မြို့သစ်(၄)လမ်း၊ ထားဝယ်မြို့၊ တနင်္သာရီတိုင်း။